Thursday, November 27, 2008
Monday, January 21, 2008
သွေးမလှူဒါန်းနိုင်သည့်လူများအတွက် အခြားကူညီနိုင်မည့်နည်းလမ်းများ
၎င်းအပြင် နယ်ဝေးမှ လာရောက်လှူဒါန်းကြသူများအတွက် သွားလာရေးအဆင်ပြေစေရန် ကားစရိတ်၊ စားသောက်စရိတ်၊ တူညီဝတ်စုံစရိတ် စသည်များဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
ရင်ခုန်သံသွေးလှူရှင်အသင်း
Saturday, January 19, 2008
ဆဋ္ဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်။
စုပေါင်းသွေးလှူဒါန်းကြပါစို့
နေ့ရက် - ဖေဖော်ဝါရီ (၉) ရက် (စနေနေ့)
နေရာ - လပြည့်ဝန်းပလာဇာ (၁၀ ထပ်)
အချိန် - နံနက် (၉) နာရီမှ (၁၂) နာရီထိ။
သွေးလှူရတာ လွယ်ပါတယ်
အရင်တုန်းကတော့ သွေးလှူတာ ကြောက်ဖို့ကောင်းတယ်ပေါ့ (အရပ်စကားပေါ့လေ၊ ယုံခဲ့မိတယ်)။ တကယ်တမ်းမှတော့ သွေးလှူရတာ လွယ်လွယ်လေးပါ။ ဘာမှလည်း ကြောက်စရာမလိုပါဘူး။
(၁) မှတ်ပုံတင်ခြင်းမှတ်ပုံတင် (သို့) သွေးလှူရှင်ကတ် ယူဆောင်လာရမည်။ ကျန်းမာရေးအတွက် စစ်ဆေးသော မေးခွန်းလွှာများ ဖြေဆိုရပါမည်။ သွေးနီအား(Hemo- globin) ပြည့်၊ မပြည့် စမ်းသပ်ပါမည်။
(၂) ကျန်းမာရေး စစ်ဆေးခြင်းဆရာဝန်မှ ဖြေဆိုခဲ့သော မေးခွန်းလွှာပါ အချက်အလက်များကို စစ်ဆေးပေး မည်။ အချို့အချက်အလက်များကို သေချာအောင် ပြန်လည်မေးမည်။ သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်မှုများ စစ်ဆေးမည်။
(၃) သွေးလှူဒါန်းခြင်း အတွေ့အကြုံရှိပြီး သူနာပြုများနှင့် ကျွမ်းကျင်သူဝန်ထမ်းများမှ သွေးထုတ်ယူမည်။ သွေးထုတ်ယူသည့် ပစ္စည်းများ၊ အပ်များသည် တစ်ခါသုံးများသာ ဖြစ်ပါသည်။
(၄) အနားယူခြင်းနှင့် အာဟာရ ပြန်လည်ဖြည့်တင်းခြင်း သွေးလှူပြီးနောက် (၁၅) မိနစ်ခန့် အနားယူ၍ အာဟာရ အနည်းငယ်ဖြည့်တင်းပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။
မလှူဖြစ်သေးခဲ့လျှင် သင်လည်း လှူဖြစ်အောင် ကြိုးစားပါ။ ကြိုဆိုလျက်ပါ။
သင်သည် လူ့ဘ၀အတွက် အရေးကြီးဆုံးသော ကွက်လပ်ကို ဖြည့်စွမ်းပေးနိုင်သူ ဖြစ်လိုပါသလား။
ကျေးဇူးတင်ပါတယ်